| Wednesday, 18 September 2013 06:17 | |
|
အုပ်စု(ခ)၏ နောက်ဆုံး ပွဲစဉ်များကို စက်တင်ဘာ (၁၈)ရက် ညနေတွင် တစ်ပြိုင်နက် ကျင်းပမည် ဖြစ်ရာ လက်ရှိတွင် အုပ်စု(က)အတွင်း ထိပ်ဆုံးနေရာအတွက် ပြတ်သားခြင်း မရှိသေးဘဲ အိမ်ရှင်မြန်မာနှင့် |
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Wednesday, September 18, 2013
သြဇီကို ရှောင်နိုင်ရန် အတွက် ဂျပန်ကို အနိုင်ကစားသွားမည် ဖြစ်ကြောင်း မြန်မာ နည်းပြချုပ် ဖွင့်ဟ
Labels:
သတင်း
Tuesday, September 17, 2013
ချစ်ခင်လေးစား ရပါသော မြန်မာ့ ဘောလုံး ပရိသတ်များ ခင်ဗျား
၂၀၁၃ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် AFF Women's AYA Bank Championship 2013 ပြိုင်ပွဲမှာ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းဟာ အုပ်စု(ခ) နောက်ဆုံးပွဲစဉ် အဖြစ် ဂျပန် အမျိုးသမီး အသင်းနဲ့ စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ မြန်မာနဲ့ ဂျပန်တို့ ပွဲစဉ်ဟာ အုပ်စုဗိုလ် ဖြစ်ရေးအတွက် အရေးကြီးတဲ့ ပွဲစဉ် ဖြစ်သလို မြန်မာ အသင်း ဗိုလ်လုပွဲ ရောက်ရှိရေး၊ အမိမြေပေါ်မှာ ချန်ပီယံဆု ဖလား ကိုင်မြှောက် နိုင်ရေးအတွက် အဓိက ကျတဲ့၊ အဆုံး အဖြတ် ဖြစ်စေမယ့် ပွဲတစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။ မြန်မာအသင်း ဂျပန်ကို အုပ်စု နောက်ဆုံးပွဲစဉ်မှာ အနိုင်ရပြီ ဆိုတာနဲ့ ဆီမီးဖိုင်နယ် မှသည် ဗိုလ်လုပွဲ သွားရာ လမ်းကြောင်း ဖြောင့်ဖြူးသွားမှာ ဖြစ်ပြီး ပရိသတ် ရှေ့မှောက်မှာ တိုင်းပြည်ကို ချန်ပီယံ ဆုဖလား တစ်လုံး ဆီးဂိမ်းစ် အကြို လက်ဆောင်ပေး နိုင်မှာ ဖြစ်ပါတယ်။
Monday, September 16, 2013
ရီးရဲလ် အသင်းနှင့် ၅ နှစ် စာချုပ်သစ် ချုပ်ဆိုလိုက်သည့် စီရိုနယ်ဒို
ရီးရဲလ်
တိုက်စစ်မှူး စီရိုနယ်ဒိုသည် အသင်းနှင့် ၅ နှစ် စာချုပ်သစ်
ချုပ်ဆိုလိုက်ပြီး စာချုပ် တန်ဖိုးအရ ၀င်ငွေအားဖြင့် စပါးမှရောက်လာသည့်
အသင်းဖော် ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမား ဂါရတ်ဘေးလ်ထက် များစွာ
သာလွန်သွားပြီ ဖြစ်သည်။
စာချုပ်သစ် ချုပ်ဆိုခဲ့သည့် စီရိုနယ်ဒိုသည်
အသင်းတွင် အခွန်အခ အပြီးအစီး တစ်နှစ် ပေါင် ၁၅ သန်း ရရှိမည် ဖြစ်ပြီး
တစ်နှစ် ပေါင် ၈.၃ သန်းသာ ရရှိမည့် အသင်းဖော် ဂါရတ်ဘေးလ်ကို ကျော်ဖြတ်
နိုင်ခဲ့ပြီ ဖြစ်သည်။ ဂါရတ်ဘေးလ်သည် စပါးမှ ရီးရဲလ်သို့ ပေါင် ၈၆ သန်းဖြင့်
ရောက်ရှိလာခဲ့သော်လည်း ယခုလို စာချုပ်သစ် ချုပ်ဆိုမှုသည် စီရိုနယ်ဒို
သည်သာလျှင် ရီးရဲလ် အသင်းမှာ အဓိက ကစားသမား ဖြစ်ကြောင်း သက်သေ
ပြနိုင်ခဲ့ခြင်း ဖြစ်သည်။
Subscribe to:
Posts (Atom)

