မိတ်ဆွေ သင့်အား ဘောလုံးပွဲ ခန့်မှန်းချက်များနှင့် သတင်းတိုထွာ ကဏ္ဍ မှ လှိုက်လှဲစွာ ကြိုဆိုပါတယ် ။အချိန်နှင့်တစ်ပြေးညီ ဘောလုံးပွဲသတင်း များနှင့် ခန့်မှန်းချက်များကို စုစည်းတင်ပြပေးထားပါတယ် ။ လာရောက်လည်ပတ်ပေးကြတဲ့ သူငယ်ချင်းအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာ ။

မူလစာမျက်နှာ

Wednesday, September 18, 2013

သြဇီကို ရှောင်နိုင်ရန် အတွက် ဂျပန်ကို အနိုင်ကစားသွားမည် ဖြစ်ကြောင်း မြန်မာ နည်းပြချုပ် ဖွင့်ဟ



Wednesday, 18 September 2013 06:17

ယနေ့ညနေက ကျင်းပခဲ့သည့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု(က) နောက်ဆုံး ပွဲစဉ်များ အပြီးတွင် သြဇီနှင့် ဗီယက်နမ်တို့မှာ အုပ်စုအဆင့်မှ လွတ်မြောက်ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။ သြစတြေးလျ ယူ-၁၉ အသင်းအနေဖြင့် အုပ်စု(က)တွင် အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့ရာ ဆီမီးဖိုင်နယ်တွင် အုပ်စု(ခ)မှ ဒုတိယရရှိသည့် အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။


အုပ်စု(ခ)၏ နောက်ဆုံး ပွဲစဉ်များကို စက်တင်ဘာ (၁၈)ရက် ညနေတွင် တစ်ပြိုင်နက် ကျင်းပမည် ဖြစ်ရာ လက်ရှိတွင် အုပ်စု(က)အတွင်း ထိပ်ဆုံးနေရာအတွက် ပြတ်သားခြင်း မရှိသေးဘဲ အိမ်ရှင်မြန်မာနှင့်
ဂျပန် အသင်းတို့မှာ ရမှတ်တူနှင့် အပြိုင်ဖြစ်လျှက် ရှိသည်။ သို့ဖြစ်ရာ အနိုင်ရသည့် အသင်းအနေဖြင့် အုပ်စု(ခ)၏ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်သို့ တက်နိုင်မည် ဖြစ်ပြီး တစ်ဘက် အုပ်စုမှ အုပ်စုဗိုလ် သြစတြေးလျ အသင်းကိုလည်း ဆီမီးဖိုင်နယ်တွင် တွေ့ဆုံခြင်း မရှိအောင် ရှောင်ရှားနိုင်မည် ဖြစ်သဖြင့် အဆိုပါ အခွင့်အရေးကို အရယူသွားမည် ဖြစ်ကြောင်း မြန်မာ အသင်း၏ နည်းပြချုပ် ကုမာဒါက ဖွင့်ဟခဲ့သည်။


"တစ်ဘက်က အုပ်စုဗိုလ် သြစတြေးလျ အသင်းကို ဆီမီးဖိုင်နယ်မှာ ရှောင်နိုင်ဖို့ စဉ်းစားထားပြီးသားပါ။ ကျွန်တော်တို့ အနေနဲ့ အုပ်စု(ခ)မှာ အုပ်စုဗိုလ် ရအောင် လုပ်မှာ ဖြစ်ပါတယ်။ အုပ်စု နောက်ဆုံးပွဲမှာ ဂျပန်ကို နိုင်အောင် ကစားမယ်။ နိုင်အောင် ဘယ်လို ကစားမလဲ ဆိုတဲ့ အစီအစဉ်တွေလည်း ကျွန်တော့်မှာ ရှိပြီးသားပါ"ဟု မြန်မာအသင်း၏ ဂျပန်လူမျိုး နည်းပြချုပ် ကုမာဒါက ပြောကြားခဲ့သည်။ သြစတြေးလျ အသင်းသည် ယူ-၁၉ အသင်းဖြစ်သောကြောင့် ကစားသမားများ ငယ်ရွယ်ပြီး အတွေ့အကြုံ နုနယ်ကြသည် မှန်သော်လည်း ကစားသမားများ၏ ကြံ့ခိုင်မှု၊ လျှင်မြန်မှုနှင့် ဘောလုံးစွမ်းရည်မှာ ကောင်းမွန်သောကြောင့် အရေးကြီးသည့် ဆီမီးဖိုင်နယ် အဆင့်တွင် မတွေ့ဆုံလိုဘဲ ရှောင်ရှားလိုခြင်း ဖြစ်သည်။ မြန်မာ အသင်းအနေဖြင့် အုပ်စု(က)တွင် အုပ်စုဗိုလ် ဖြစ်ခဲ့ပါက ဆီမီးဖိုင်နယ်တွင် အာဆီယံ ဒေသတွင်း အသင်းတစ်သင်း ဖြစ်သည့် ဗီယက်နမ် အသင်းနှင့် တွေ့ဆုံရမည် ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...