ဘောလုံးပွဲ ခန့်မှန်းချက်များနှင့် သတင်းတိုထွာ
မိတ်ဆွေ သင့်အား ဘောလုံးပွဲ ခန့်မှန်းချက်များနှင့် သတင်းတိုထွာ ကဏ္ဍ မှ လှိုက်လှဲစွာ ကြိုဆိုပါတယ် ။အချိန်နှင့်တစ်ပြေးညီ ဘောလုံးပွဲသတင်း များနှင့် ခန့်မှန်းချက်များကို စုစည်းတင်ပြပေးထားပါတယ် ။ လာရောက်လည်ပတ်ပေးကြတဲ့ သူငယ်ချင်းအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာ ။
မူလစာမျက်နှာ
မူလစာမျက်နှာ
Monday, September 16, 2013
ရီးရဲလ် အသင်းနှင့် ၅ နှစ် စာချုပ်သစ် ချုပ်ဆိုလိုက်သည့် စီရိုနယ်ဒို
ရီးရဲလ် တိုက်စစ်မှူး စီရိုနယ်ဒိုသည် အသင်းနှင့် ၅ နှစ် စာချုပ်သစ် ချုပ်ဆိုလိုက်ပြီး စာချုပ် တန်ဖိုးအရ ၀င်ငွေအားဖြင့် စပါးမှရောက်လာသည့် အသင်းဖော် ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမား ဂါရတ်ဘေးလ်ထက် များစွာ သာလွန်သွားပြီ ဖြစ်သည်။
စာချုပ်သစ် ချုပ်ဆိုခဲ့သည့် စီရိုနယ်ဒိုသည် အသင်းတွင် အခွန်အခ အပြီးအစီး တစ်နှစ် ပေါင် ၁၅ သန်း ရရှိမည် ဖြစ်ပြီး တစ်နှစ် ပေါင် ၈.၃ သန်းသာ ရရှိမည့် အသင်းဖော် ဂါရတ်ဘေးလ်ကို ကျော်ဖြတ် နိုင်ခဲ့ပြီ ဖြစ်သည်။ ဂါရတ်ဘေးလ်သည် စပါးမှ ရီးရဲလ်သို့ ပေါင် ၈၆ သန်းဖြင့် ရောက်ရှိလာခဲ့သော်လည်း ယခုလို စာချုပ်သစ် ချုပ်ဆိုမှုသည် စီရိုနယ်ဒို သည်သာလျှင် ရီးရဲလ် အသင်းမှာ အဓိက ကစားသမား ဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့ခြင်း ဖြစ်သည်။
စီရိုနယ်ဒိုသည် အသင်းဟောင်း မန်ယူသို့ တစ်ကျော့ပြန် ရောက်နိုင်သလို ရီးရဲလ်မှ ထွက်ခွာနိုင်ကြောင်း စာချုပ်သစ် မတိုင်ခင်က သတင်းများ ထွက်ပေါ်ခဲ့သည်။ စီရိုနယ်ဒို၏ ရီးရဲလ် အသင်းနှင့် ချုပ်ဆိုသည့် စာချုပ်သစ် တန်ဖိုးသည် ပေါင် ၈၅၀၀၀၀ ခန့် ရှိပြီး PSG မှ တိုက်စစ်မှူး အီဘရာဟင် မိုဗစ
်၏ စာချုပ် တန်ဖိုးထက်ပင် ပိုမို တန်နေပြီ ဖြစ်သည်။
စီရိုနယ်ဒိုက မိမိအနေဖြင့် ရီးရဲလ် အသင်းမှာ ပျော်ရွှင်နေပြီး အသင်း အတွက် ဆုဖလားများ ရယူပေးလိုကြောင်း၊ မန်ယူ အသင်းဟာ အတိတ်မှာ ကျန်ရစ်ပြီ ဖြစ်ပြီး ရီးရဲလ် အသင်းမှာ မိမိအနေဖြင့် နောက်ထပ် ၅ နှစ် ဆက်နေခွင့် ရရှိခဲ့ကြောင်း၊ ပရိသတ်များကို အလွန် ကျေးဇူးတင်သလို မိမိလည်း ကွင်း အတွင်းမှာ ကြိုးစားကာ အသင်း အတွက် အကောင်းဆုံး ကြိုးစား ကစားသွားမည် ဖြစ်ကြောင်း၊ မန်ယူမှာ ၆ နှစ် အထိ နေခဲ့သည့် မိမိ အခြေအနေကို လူတိုင်းသိသော်လည်း မိမိအတွက် ယခု အချိန်မှာ ရီးရဲလ် အသင်းဟာ ကိုယ့်အိမ် ကိုယ်ရာလို ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
Ref:Yatanarpon
No comments:
Post a Comment
Newer Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment