ဘောလုံးအားကစားသည် ကမ္ဘာပေါ်တွင် လူအကြိုက်အများဆုံးနှင့်
အကျော်ကြားဆုံး ကစားနည်း တစ်ခုဖြစ်ပါသည်။ အန်ဒက်စ်မှ ဂရင်းလန်းသို့
ရောက်ရှိလာသည့် သရေလုံး ကန်ဆော့ရသည့် ကစားနည်းအား မည်သူမှ ဥပက္ခာ
မပြုနိုင်ခဲ့ကြသလို၊ တစ်စုံတစ်ခု ပြုလုပ်ရင်း ဘောလုံး ကစားခြင်းအား
အားပေးနေတတ်ခဲ့ကြသည်။ ခန့်မှန်းခြေ လူသန်းပေါင်း (၂၅၀)ခန့်သည် ဘောလုံး
အားကစားအား ပုံမှန် ကစားလျက် ရှိနေသည်ကို အံ့ဖွယ်တွေ့ရသည်။ အကယ်၍ ဘောလုံး
သမားများအား စုဖွဲ့ပြီး၊ နိုင်ငံတစ်နိုင်ငံ အဖြစ်တည်တောင် လိုက်ပါက၊
စကြာဝဠာ တစ်ခုလုံးတွင် စတုတ္ထမြောက် လူဦးရေ အများဆုံး နိုင်ငံ တစ်နိုင်ငံ
ဖြစ်သွားလိမ့်မည်။
“အကယ်၍ ဘောလုံး သမားများအား စုဖွဲ့ပြီး၊ နိုင်ငံတစ်နိုင်ငံ
အဖြစ်တည်တောင် လိုက်ပါက၊ စကြာဝဠာ တစ်ခုလုံးတွင် စတုတ္ထမြောက် လူဦးရေ
အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သွားလိမ့်မည် ”
ဘောလုံးအားကစားအား ကမ္ဘာသုံး ဘာသာစကား တစ်ခုဖြစ်သည်ဟု သတ်မှတ်နိုင်ပါသည်။ အကယ်၍ မိမိတို့ အနေဖြင့် မျက်နှာစိမ်း နယ်မြေသစ် နိုင်ငံတစ်ခုသို့ ရောက်ခဲ့ပြီဆိုပါစို့။ ထိုနယ်မြေ၏ ဘာသာစကား၊ ထိုနယ်မြေနှင့် သက်ဆိုင်သည့် ဗဟုသုတများကို နကန်းတစ်လုံးမျှ မသိသော်ငြားလည်း၊ အနည်းဆုံး ထင်ရှားကျော်ကြားသော ကစားသမား နာမည်အား ရွတ်ဆိုပြီး လက်ဟန်ခြေဟန်ဖြင့် အလ္လာပသလ္လာပ ပြောဆိုဆွေးနွေး နိုင်မည်ဖြစ်သည်။ ဥပမာ မိမိတို့လက်အား ရင်ဘတ် ပေါ်တင်ပြီး၊ နှုတ်မှ “ပီလီ” ဟုရွတ်ဆိုကာ (၀ါ) “မာရာဒိုနာ” ဟုရွတ်ဆိုကာ လက်ဟန်ခြေဟန်ဖြင့် အလ္လာပသလ္လာပ ပြောဆိုခြင်းဌာ လျင်လျင်မြန်မြန် မိတ်ဆွေသူငယ်ချင်းအဖြစ် အဖွဲ့ကျနိုင်မည် ဖြစ်သည်။ ဘောလုံး အားကစားနှင့် ပတ်သက်ပြီး စိတ်ဝင်တစား အကဲခတ်လေ့လာကြည့်ပါက၊ အဆိုပါ အားကစားတွင် စစ်တပ်သုံး အသုံးနှုန်းများ (ဥပမာ - တိုက်ပွဲဝင်၊ နည်းဗျူဟာ၊ (အသင်း)ခေါင်းဆောင်) စသည်ဖြင့် အသုံးပြု ထားသည်ကိုလည်း တွေ့ရမည်။ ရှေးယခင် ဘိုးဘေးများက ၎င်းတို့ရှင်သန် နေထိုင်သော ပတ်ဝန်းကျင်ပေါ် မူတည်၍ ဘောလုံးအားကစားအား သီအိုရီများ ဖွင့်ဆိုခဲ့ကြသည်။ မုဆိုးများက တောလိုက်ခြင်းနှင့် တင်စားထားပြီး၊ ဂိုးသွင်းယူခြင်းကို သားကောင် သတ်နိုင်ခြင်းဖြင့် ခိုင်းနှိုင်းခဲ့ကြသည်။ အချို့က ဘောလုံးအားကစားကို စစ်ပွဲတစ်ပွဲ အဖြစ် သတ်မှတ်ခဲ့ကြသည်။
ပုံမှန်အားဖြင့် ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဟူ၍ အုပ်စုနှစ်ပိုင်း ကွဲပြားနေမည်။ အချို့သော အရာများအား စိတ်ပိုင်းဆိုင်ရာ အုပ်စုမှ စိတ်ပါဝင်စားခြင်း မရှိသော်လည်း၊ ရုပ်ပိုင်းဆိုင်ရာက လုပ်ဆောင် နေရလေ့ ရှိသလို၊ ရုပ်ပိုင်းဆိုင်ရာ တစ်ခုတည်းဖြင့် လုပ်ဆောင်နိုင်သော အရာများစွာ ရှိသည်။ ထိုကဲ့သို့ပင် ရုပ်ပိုင်းဆိုင်ရာ အုပ်စုမှ လုပ်နေစရာ မလိုဘဲ၊ စိတ်ပိုင်းဆိုင်ရာ အုပ်စုမှ လုပ်ဆောင်နေရသော အရာများစွာရှိသည်။ သို့သော်လည်း ဘောလုံးအားကစားမှာမူ ထိုကဲ့သို့ မဟုတ်ပေ။ ရုပ်ပိုင်းဆိုင်ရာ တစ်ခုလုံးနှင့် စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံး ခေတ္တပေါင်းစပ်ပြီး၊ ခြေထောက်ကို ဦးနှောက်နှင့် ခိုင်းစေရသည်။ ထိုကဲ့သို့ ထပ်တူလုပ်ဆောင်နေသူ များဖြစ်ကြသည့် မိမိအသင်းသားများနှင့် ထပ်မံပေါင်းစပ် လုပ်ဆောင် ကြရပြန်သည်။ ဘောလုံး အားကစားတွင် ပါဝင်ကစားသူ “ကျား” “မ” မရွေး ထိုကဲ့သို့ပင် ခံစား လုပ်ဆောင်ကြရသည်။ ဘောလုံးအားကစားသည် အမျိုးသားများ အတွက်သာမက မိန်းခလေးများအတွက်ပါ ရေပန်းစားသော အားကစားဖြစ်သည်။ ဤစာအုပ်တွင် အမျိုးသားများအား ညွှန်းဆို ထားသော်လည်း၊ အမျိုးသမီး များသည်လည်း ထိုကဲ့သို့ ထပ်တူ လွယ်ကူစွာ လိုက်ပါလုပ်ဆောင် နိုင်သည်။
“နှစ်ပိုင်းကွဲနေသော ရုပ်ပိုင်းဆိုင်ရာနှင့်
စိတ်ပိုင်းဆိုင်ရာအား ခေတ္တစုစည်းကာ ဦးနှောက်နှင့် ခြေထောက်အား ပေါင်းစပ်
အသုံးပြုခြင်းသည် ဘောလုံးကစားနည်းဖြစ်သည် ”
“လူတစ်ချို့ဟာ ဘောလုံးအားကစားကို သေရေး၊ ရှင်ရေး ဖြစ်တယ်လို့ ယုံကြည်နေကြတယ်၊ အဲ့လိုတွေ သဘောထား နေကြတာကို ကျွန်တော် တကယ် စိတ်မကောင်း ဖြစ်မိပါတယ်၊ အမှန်တကယ် ဘောလုံးအားကစားဟာ သူတို့ပြော နေတာထက်ကို ပိုအရေးကြီးတယ်ဆိုတာ ကျွန်တော်သေချာပေါက် ပြောနိုင်ပါတယ်၊ လောကမှာ လူ(၂၂)ယောက်က ဘောလုံးတစ်လုံး အတွက် အသဲအသန် အားအင်တွေ အသုံးပြုပြီး ယှဉ်ပြိုင်နေကြတဲ့ အရာထက် ဆွဲဆောင်နိုင်တဲ့ အရာမရှိသေးပါဘူး” ဟုလီဗာပူးလ်၏ ကြီးကျယ်ခန်းနားသော နည်းပြကြီး ဘီလ်ရှမ်ခလီက ဘောလုံး အားကစားနှင့် ပတ်သက်ပြီး ပြောကြား ခဲ့ဖူးသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်းမှ ဘောလုံးဝါသနာရှင်များ၊ ဘောလုံးသမားများ
အတွက် ဘောလုံးနှင့် ပတ်သက်သည့် စာအုပ်များ ရှားပါးနေသည်။ ဤစာအုပ်သည်
ဘောလုံးနှင့် ပတ်သက်သော အကြောင်းအရာ မှန်သမျှကို အသေးစိတ် ဖော်ပြပေးထားသော
စာအုပ် တစ်အုပ် ဖြစ်ပါသည်။ ဘောလုံး အားကစားကို အားပေးရုံ သက်သက်ဖြစ်စေ၊
ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက် အနေဖြင့် အသက်မွေးဝမ်းကြောင်း
ပြုလိုသူ ဖြစ်စေ၊ ကွင်းလယ်ဒိုင် ပြုလုပ်ခြင်းကို ၀ါသနာ ပါသူ ဖြစ်စေ၊
နည်းပြ တစ်ယောက် အဖြစ် အသက်မွေးလိုသူ၊ ဘောလုံး အားကစားနှင့် တပ်သက်သည့်
အသုံးပြု ပစ္စည်းများ ထုတ်လုပ်လိုသူ၊ ကိုယ်တိုင် ဘောလုံး အသင်းတစ်သင်း
တည်ထောင် လိုသူများကိုပါ အကောင်းဆုံး လမ်းညွှန်ပေး နိုင်သော စာအုပ် တစ်အုပ်
ဖြစ်ပါသည်။ ဘောလုံးသမိုင်းဖြင့် အစပျိုးထားပြီး၊ ပွဲတစ်ပွဲတွင်
အသုံးပြုမည့် ဘောလုံး တစ်လုံး၏ လေပေါင်ချိန်ပမာဏ၊ ကွင်းလယ်ဒိုင်တွင်
ပါဝင်ရမည့် ပစ္စည်းများ၊ ပွဲချိန်တွင်း ကွင်းလယ်ဒိုင် အပြုအမူများ၏
ရည်ညွှန်းချက်နှင့် ဘောလုံးဥပဒေသများ အသေးစိတ် ပါဝင်ပါသည်။ ထို့အပြင်
ဘောလုံးကွင်း အတိုင်းအတာ၊ ဂိုးတိုင် လုံးပတ် ပမာဏ အစရှိသည် များကို
သမိုင်းနှင့် ယှဉ်တွဲပြထားပြီး၊ ဘောလုံးအဖွဲ့ချုပ်များ အနေဖြင့်လည်း
သိသင့်သည်များကိုပါ ထည့်သွင်းပါဝင်ပါသည်။ အသင်းများ၏ ဖွဲ့စည်းပုံ၊
ဘုတ်အဖွဲ့၊ လုပ်ငန်းဆောင်တာများ ပါဝင်သလို၊ လက်ရှိ အသင်းကြီးများတွင်
ကျင့်သုံးနေသော နည်းစနစ်၊ ဖွဲ့စည်းပုံအရ မည်သည့်အသင်းတွင် မည်သို့သော
နေရာတွင် တာဝန်ထမ်းဆောင်သည့် ပုဂ္ဂိုလ်က လုပ်ပိုင်ခွင့်အရှိဆုံး
စသည်တို့ကိုပါ ဖော်ပြထားသည်။ ဤစာအုပ်တွင် ဘောလုံးစွမ်းရည်နှင့် ပတ်သက်ပြီး
ရှုပ်ထွေးသော ဘောလုံးစွမ်းရည် ပြကွက်များကို ရိုးရှင်းစွာဖြင့်
ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ တစ်ဦးနှင့်တစ်ဦး လူကပ်ပုံ၊
နေရာယူပုံနှင့် ပတ်သက်သည်များကို ဖော်ပြပေး ထားပါသည်။ ဥပမာအားဖြင့်
ပြီးပြည့်စုံသော ခေါင်းတိုက်ကစားတတ်သည့် ကစားသမား တစ်ယောက်ဖြစ်အောင်
မည်သို့ လေ့ကျင့်ရမည်ကို ဖော်ပြပေးထားပါသည်။ ထို့အပြင် ဤစာအုပ်တွင်
ရှုပ်ထွေးလှသော လူကျွံဘော ဥပဒေသများကိုလည်း ရှင်းလင်း ပေးထားသလို၊
ဇီဒန်းကဲ့သို့ ဘောလုံးဖြင့် ခန္ဓာ ကိုယ်လှည့်ထွက်သွားခြင်း၊ ဒေးဗစ်ဘက်ခမ်း
ကဲ့သို့ ဘောလုံးအား ဝေ့၀ိုက်သွားအောင် ကန်ခြင်းတို့ကို ရှင်းလင်းတင်ပြ
ပေးထားပါသည်။ အသင်းများ၏ လေ့ကျင့်ခန်း အစီစဉ်များကိုပါ ပုံနှင်တကွ
ရှင်းလင်း ပေးထားသော စာအုပ် တစ်အုပ်ပါ ဖြစ်ပါသည်။ ပွဲကြီးပွဲကောင်း
တစ်ပွဲကို ကြည့်ရှု့တတ်အောင်၊ ကစားတတ်အောင် ဘောလုံးစွမ်းရည် အပိုင်းက
သင့်အား အကောင်းဆုံး ကူညီပေးသွားပါလိ့မ်မည်။
မူရင်းစာအုပ်တွင် အခန်းကြီး (၄)ခန်းဖြင့် ဖွဲ့စည်းထားပြီး စာမျက်နှာပေါင်း (၁၇၆) မျက်နှာ ပါဝင်ပါသည်။ ဘာသာပြန်ဆို ရေးသားပြုစုပြီးသည့် စာအုပ်တွင် စာမျက်နှာပေါင်း (၃၀၀)ကျော် ပါဝင်ပါသည်။ စာရေးသူ အနေဖြင့် ဤစာအုပ်ကို စာအုပ် ထုတ်ဝေရန်အတွက် ရည်ရွယ်ပြီး ဘာသာပြန် ရေးသားပြုစုခဲ့သော်လည်း၊ အကြောင်း အမျိုးမျိုးကြောင့် မထုတ်ဝေ ဖြစ်ခဲ့ပါ။ ထို့ကြောင့် ကဖေး ပရိတ်သတ် များထံသို့ စာအုပ်တွင်းမှ ကောင်းနိုးရာရာ များကို အခန်းဆက် ဆောင်းပါး အနေဖြင့် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
မူရင်းစာအုပ်ကို DK Publishing မှ အယ်ဒီတာများက ရေးသားပြုစုပြီး ယူကေ အခြေစိုက် Dorling Kindersley မှ ပုံနှိပ်ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး၊ www.football-cafe.com မှ အယ်ဒီတာ အောင်ဇော်လတ်(မိုးနဲ) က ဘာသာပြန် ရေးသား ပြုစုထားခြင်း ဖြစ်ပါသည်။
(အားကစားနှင့် ပတ်သက်သည့် စာအုပ်များ၊ ဂျာနယ်များတွင် အသုံးပြုလိုသူများ အနေဖြင့် saisyant@gmail.com) ကိုဆက်သွယ်ပြီး ဆွေးနွေးနိုင်ပါသည်။
မူရင်းစာအုပ်တွင် အခန်းကြီး (၄)ခန်းဖြင့် ဖွဲ့စည်းထားပြီး စာမျက်နှာပေါင်း (၁၇၆) မျက်နှာ ပါဝင်ပါသည်။ ဘာသာပြန်ဆို ရေးသားပြုစုပြီးသည့် စာအုပ်တွင် စာမျက်နှာပေါင်း (၃၀၀)ကျော် ပါဝင်ပါသည်။ စာရေးသူ အနေဖြင့် ဤစာအုပ်ကို စာအုပ် ထုတ်ဝေရန်အတွက် ရည်ရွယ်ပြီး ဘာသာပြန် ရေးသားပြုစုခဲ့သော်လည်း၊ အကြောင်း အမျိုးမျိုးကြောင့် မထုတ်ဝေ ဖြစ်ခဲ့ပါ။ ထို့ကြောင့် ကဖေး ပရိတ်သတ် များထံသို့ စာအုပ်တွင်းမှ ကောင်းနိုးရာရာ များကို အခန်းဆက် ဆောင်းပါး အနေဖြင့် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
မူရင်းစာအုပ်ကို DK Publishing မှ အယ်ဒီတာများက ရေးသားပြုစုပြီး ယူကေ အခြေစိုက် Dorling Kindersley မှ ပုံနှိပ်ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး၊ www.football-cafe.com မှ အယ်ဒီတာ အောင်ဇော်လတ်(မိုးနဲ) က ဘာသာပြန် ရေးသား ပြုစုထားခြင်း ဖြစ်ပါသည်။
(အားကစားနှင့် ပတ်သက်သည့် စာအုပ်များ၊ ဂျာနယ်များတွင် အသုံးပြုလိုသူများ အနေဖြင့် saisyant@gmail.com) ကိုဆက်သွယ်ပြီး ဆွေးနွေးနိုင်ပါသည်။
အပိုင်း(၁)ကို မကြာမီ ဖော်ပြပေးသွားပါမည်............................။
လေးစားစွာဖြင့်
အောင်ဇော်လတ်(မိုးနဲ)
လေးစားစွာဖြင့်
အောင်ဇော်လတ်(မိုးနဲ)
Written by အောင်ဇော်လတ်(မိုးနဲ)
No comments:
Post a Comment